The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

ဦးစီးဌာနများ

Our organizational structure.

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး

Union Minister

နောက်ခံသမိုင်းမြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရောင်းဝယ်မှုသည် ရှေးမြန်မာမင်းများ လက်ထက်ကပင် ထွန်းကား လာခဲ့ခြင်း ဖြစ်ပါသည်။ ထိုခေတ်က သတ္တုတွင်းများကို ဘုရင်ကပိုင်ဆိုင်၍ သတ္တုတွင်းတူးသူများက လုပ်ကိုင်ခွင့်အတွက် အခွန်တော်များကို ဆက်သခဲ့ကြပါသည်။ သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သော သတ္တုတွင်း လုပ်ငန်းမှာ (၁၅)ရာစုခေတ်တွင် တရုတ်လူမျိုးများ စတင်လုပ်ကိုင်ခဲ့သည့် ဘော်တွင်းသတ္တုတွင်းဖြစ် ကြောင်း သိရှိရပါသည်။ မြန်မာဘုရင်များခေတ်တွင် ငွေ၊ ခဲနှင့် သွပ်ကို ဘော်တွင်း၊ သံကို ရှမ်းပြည်နယ်၊ ခဲမဖြူကို အောက်မြန်မာပြည်ရှိ ထားဝယ်နှင့်မြိတ်၊ ပတ္တမြား၊ နီလာကျောက်မျက်ရတနာကို မန္တလေးမြို့မှ (၁၂)မိုင် အကွာရှိ စကျင်ဒေသမှ လည်းကောင်း၊ မိုးကုတ်ဒေသမှလည်းကောင်း ထုတ်လုပ်ကြပါသည်။ ရရှိသော ပတ္တမြား လုံးကြီးလုံးကောင်းကို ဘုရင်သို့ ဆက်သရကြောင်း သိရှိရပါသည်။၁၈၈၅ ခုနှစ် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက် ရောက်ရှိခဲ့ပြီးနောက် ၁၈၈၇ ခုနှစ်၊ အောက်တိုဘာလတွင် Upper Burma Ruby Regulation ကို ပြဋ္ဌာန်းခဲ့ပြီး သတ္တုတွင်း၏ကဏ္ဍတစ်ရပ် ဖြင့် ပါဝင်ခဲ့သော ရေနံထုတ်လုပ်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် (ရေနံတွင်းနယ်နိမိတ် သတ်မှတ်ခြင်း၊ တွင်းအုပ်ရာထူး ခန့်အပ်ထားခြင်း) ရေနံ‌မြေအက်ဥပဒေကို ၁၉၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ပြဋ္ဌာန်းခဲ့ပါ သည်။ ၁၉၂၄ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် သတ္တုတွင်းဥပဒေ The Mines Act (Indian Act 1923 1St July 1924)ကို ပြဋ္ဌာန်းခဲ့ပြီး MineralConcession Rules (1913)အရ ဂရန်ကွက်ချခြင်း၊ ဓာတ်သတ္တုခွန် သတ်မှတ်ခြင်း၊ အခွန်ကောက်ခံခြင်းတို့ကို ဘုရင်ခံမှ တိုက်ရိုက် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၂ ခုနှစ်နှင့် ဂျပန်ခေတ်ရောက်ရှိခဲ့ချိန်တွင် သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဌာနဟူ၍ ပေါ်ပေါက်ခဲ့ပြီး သခင်ထွန်းအုပ်က ဝန်ကြီးအဖြစ် စတင်တာဝန်ယူ၍ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွပ်လပ်ရေးရရှိခဲ့ပြီးနောက် သယံဇာတနှင့် ဓာတ်သတ္တုများ တူးဖော်ထုတ်လုပ်ရာတွင် နိုင်ငံသားများအနေဖြင့် ဥပဒေဖြင့်ပြဋ္ဌာန်းထားသော အကျိုးခံစားခွင့် ရရှိနိုင်စေ ရန်အတွက်လိုအပ်သောဥပဒေများ ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် ဓာတ်သတ္တုပင်ရင်း အခြေအမြစ် များတိုးတက်ဖွံ့ဖြိုးအောင်ဆောင်ရွက်ရေးကော်ပိုရေးရှင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး သတ္တုတွင်းများ၏ ပိုင်ဆိုင်မှု အချို့ကို နိုင်ငံတော်မှ ဝယ်ယူပြီး မူလကုမ္ပဏီနှင့် ဖက်စပ်စနစ်ဖြင့် ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။ ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလတွင် ဓာတ်သတ္တုဌာနခွဲအား စက်မှုလက်မှုနှင့် သတ္တုတွင်းဝန်ကြီးဌာနမှ ခွဲထုတ်၍ သတ္တုတွင်းဝန်ကြီးဌာနအဖြစ် သီးခြားစီမံဆောင်ရွက်ခဲ့ပါသည်။နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ်၊ မတ်လ(၃၀)ရက်စွဲပါ ကြေငြာချက်အမှတ် (၁/၂၀၁၆) ဖြင့် သတ္တုတွင်းဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနတို့အား ပူးပေါင်း၍ သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။တာဝန်များ၁။ ဓာတ်သတ္တုပစ္စည်းများ တိုးချဲ့ရှာဖွေ ထုတ်လုပ်နိုင်ရေးကို နိုင်ငံပိုင်အဖွဲ့အစည်းများမှ လည်းကောင်း၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကအဖွဲ့အစည်းများမှ လည်းကောင်း ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန်၊၂။ ဓာတ်သတ္တုပစ္စည်းများ ရှာဖွေတူးဖော်ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်ရန်၊၃။ သတ္တုတွင်းဟောင်းများကို ပြန်လည်ထူထောင်ရေးနှင့် မွမ်းမံရေးလုပ်ငန်း များကိုအလေးပေးဆောင်ရွက်ရန်၊၄။ ကမ္ဘာ့စျေးကွက်ကို မျက်ခြေမပျက်လေ့လာပြီး အလားအလာကောင်းသည့် ဓာတ်သတ္တုများ ထုတ်လုပ် တင်ပို့ရောင်းချ နိုင်ရေးကြိုးပမ်း ဆောင်ရွက်ရန်၊၅။ တိုးတက်ထွက်ရှိလာသည့် သတ္တုတွင်းထွက်ပစ္စည်းများကို ပြည်ပသို့တိုးတက်တင်ပို့ ရောင်းချရေးနှင့် ပြည်တွင်း လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရန်၊၆။ ကျောက်မျက်ရတနာနှင့် သတ္တုများကို ဆင့်တက်ပြုပြင်ပြီး အရည်အသွေးမြင့် ကုန်ချောပစ္စည်းများအဖြစ် တိုးချဲ့ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ရည်မှန်းချက်များ၁။ ဓာတ်သတ္တု တွင်းထွက်ပစ္စည်း များကို  ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းများအတွက်   ကုန်ကြမ်းလိုအပ်မှု     ဖြည့်ဆည်းပေးရေးနှင့် ပြည်ပပို့ကုန်တိုးချဲ့ ထုတ်လုပ်နိုင်ရေး အတွက် ကြိုးပမ်းရန်၊၂။ ရေရှည်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးစားစက်မှုလုပ်ငန်းများအစပျိုးနိုင်ရန် လိုအပ်သည့်    ဓာတ်သတ္တု ကုန်ကြမ်းပစ္စည်းများ တိုးချဲ့ ထုတ်လုပ်ရေးကို ကြိုးပမ်းရန်၃။ အရေးကြီးသောဓာတ်သတ္တုပစ္စည်းများ တိုးချဲ့ရှာဖွေဖော်ထုတ်ရေးကို အလေးပေး ဆောင်ရွက်ရန်၊

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သတ္တုတွင်းဦးစီးဌာန

နောက်ခံသမိုင်းစီမံကိန်းနှင့်လုပ်ငန်းစစ်ဆေးရေးဦးစီးဌာနအမည်ဖြင့် (၁၁.၂.၁၉၇၄) ခုနှစ်တွင် စတင်ဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သတ္တုတွင်းဝန်ကြီးဌာန၏ကိုယ်စား ဝန်ကြီးဌာန၏ လုပ်ငန်းများကို ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်သွားရန် ရည်ရွယ်ချက်ဖြင့် (၁.၁၂.၁၉၉၈) ရက်နေ့မှ စ၍ သတ္တုတွင်းဦးစီးဌာနအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ (၂၈.၁.၂၀၀၆)ရက်နေ့မှစ၍ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ (၁၅.၁.၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်အဝေးအမှတ်စဉ် (၂/၂၀၁၅)မှ သဘောတူ ခွင့်ပြုချက်နှင့် သတ္တုတွင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၃၁.၃.၂၀၁၅) ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၄၃/၂၀၁၅)အရ ဖျက်သိမ်း၍ မြန်မာ့ဆားနှင့်အဏ္ဏဝါဓာတုဗေဒပစ္စည်းထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအား ဆားလုပ်ငန်းဌာနခွဲအဖြစ် သတ္တုတွင်းဦးစီးဌာနသို့ သွတ်သွင်းပူးပေါင်း ခဲ့ပါသည်။ (၁.၄.၂၀၁၅) ရက်နေ့မှစ၍ ဖွဲ့စည်းပုံအား အရာထမ်း (၁၈၄)ဦး၊ အမှုထမ်း (၄၃၈)ဦး စုစုပေါင်း (၆၂၂) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အသစ်ပြင်ဆင်ဖွဲ့စည်းသည့် သတ္တုတွင်းဦးစီးဌာန တွင် နေပြည်တော်(ရုံးချုပ်)၌ ဌာနခွဲ(၅)ခု၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲ (၁၆)ရုံးနှင့် ဆားလုပ်ငန်း ဌာနခွဲ၏ တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲ (၈)ရုံး ပါဝင်ပါသည်။ စီမံကိန်းနှင့်လုပ်ငန်းစစ်ဆေးရေး ဦးစီးဌာန စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ(၁၄)ဦး ရှိပါ သည်။သတ္တုတွင်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးမှူးချုပ်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် –စဉ်      အမည်                                                 တာဝန်ထမ်းဆောင်ခဲ့သောကာလ(၁)     ဦးကျော်ဇ                                                      ၁၉၇၃ မှ ၁၉၇၄       (၂)      ဦးသန်းမောင်                                                  ၁၉၇၄ မှ ၁၉၇၅(၃)     ဦးတင်ကိုကို                                                   ၁၉၇၅ မှ ၁၉၇၇(၄)     ဦးစောအာလာရစ်                                             ၁၉၇၈ မှ ၁၉၇၉(၅)     ဦးစံမောင်                                                       ၁၉၈၀  မှ ၁၉၈၁(၆)     ဦးမျိုးညွန့်                                                       ၁၉၈၂  မှ ၁၉၈၃(၇)     ဦးအယ်အောင်ဒင်                                             ၁၉၈၄  မှ ၁၉၈၅(၈)     ဦးလှဆင့်                                                       ၁၉၈၆  မှ ၁၉၈၈(၉)     ဦးကံကြီး                                                       ၁၉၈၈  မှ ၁၉၉၁(၁၀)   ဦးလှဆင့်                                                       ၁၉၉၂  မှ ၁၉၉၈(၁၁)   ဦးစိုးမြ                                                           ၁၅.၆.၁၉၉၈ မှ ၁.၆.၂၀၀၅(၁၂)    ဦးသန်းမြင့်                                                     ၂.၆.၂၀၀၅ မှ ၁.၇.၂၀၁၀(၁၃)   ဦးဝင်းထိန်                                                      ၂.၇.၂၀၁၀ မှ ၂၀.၃.၂၀၁၇(၁၄)   ဦးခင်လတ်ကြီး                                                ၂၉.၄.၂၀၁၇မှ ယနေ့အထိလုပ်ငန်းတာဝန်များ၁။      သတ္တုကဏ္ဍ၌ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန် ပြည်တွင်း/ပြည်ပမှ ပုဂ္ဂလိကများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ဖက်စပ်လုပ်ကိုင် ခြင်း၊ ပြည်တွင်းမှ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများကို လုပ်ကိုင်ခွင့်ပြုစေခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်း၊၂။       ခွင့်ပြုပြီး လုပ်ကွက်များ၊ လုပ်ငန်းများအား ပတ်ဝန်းကျင်ထိခိုက်မှု မဖြစ်စေရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဓာတ်သတ္တု လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် ခွင့်ပြုမိန့်ပါ စည်းကမ်းများ၊ စာချုပ်ပါ စည်းကမ်းများနှင့်အညီ လုပ်ကိုင်နိုင်ရေးတို့ကို ကွင်းဆင်း ကြပ်မတ်ခြင်း၊၃။      ခွင့်ပြုပြီးလုပ်ကွက်များမှ ပုံသေမြေငှားရမ်းခများ မှန်မှန်ရရှိရေး၊ ထုတ်လုပ်ရောင်းချသည့် ဓာတ်သတ္တုများအပေါ် ဓာတ်သတ္တုခွန်များ စည်းကြပ်ကောက်ခံရေးစသည့် လုပ်ငန်းများကို စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊၄။      လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ ဥပဒေနှင့်အညီ ယမ်းတိုက် တည်ဆောက်ခြင်းနှင့် တည်ဆောက်ပြီး ယမ်းတိုက်များတွင် ယမ်းဘီလူးနှင့် ဆက်စပ်သော ပစ္စည်းများကို ထုတ်ယူ/ သယ်ဆောင်/ ထားသို/ သုံးစွဲခွင့်ရရှိရေးအတွက် စိစစ်ပေးခြင်း၊၅။      ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ ရေနံထွက်ပစ္စည်း သိုလှောင်ရုံ/ သိုလှောင်ကန် များအား ပုံစံအတည်ပြုထုတ်ပေးခြင်း၊ သိုလှောင်ခွင့်လိုင်စင် ထုတ်ပေးခြင်းနှင့် သက်တမ်းတိုး ပေးခြင်း၊၆။      ရေနံထွက်ပစ္စည်းသယ်ယူမည့်ယာဉ်များအား သယ်ယူခွင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊၇။      မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ သတ္တုတွင်းလုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးခြင်းနှင့် လိုအပ်သည်များ ပြင်ဆင်လိုက်နာ ဆောင်ရွက်စေခြင်း တို့ကို ဆောင်ရွက်ခြင်း၊၈။      ထုတ်လုပ်သော အိုင်အိုဒင်းဆားချောများတွင် သတ်မှတ်အိုင်အိုဒင်းပြည့်ဝစွာ ပါဝင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်း၊၉။      နေလှန်းဆားကြမ်း ထုတ်လုပ်ခွင့်လိုင်စင်၊ အိုင်အိုဒင်းဆားချော ထုတ်လုပ်ခွင့်လိုင်စင်၊ စားပွဲတင်ဆားချော ထုတ်လုပ်ခွင့်လိုင်စင်၊ အပိုဓာတ်ဆား ထုတ်လုပ်ခွင့်လိုင်စင်များကို ချထားပေးခြင်း၊ ဆားများတွင် ပါဝင်သည့် ဓာတ်ပစ္စည်းများကို ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိခြင်း။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန

နောက်ခံသမိုင်းမြန်မာနိုင်ငံ၏ ဘူမိဗေဒမြေပုံရေးဆွဲရေးလုပ်ငန်းကို ဒုတိယကမ္ဘာစစ် မတိုင်မီကတည်းက Geological Survey of India (GSI) မှ စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် သီးခြား မြန်မာနိုင်ငံ၏ ဘူမိဗေဒဌာန (Burma Geological Department) စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရေနံနှင့်တွင်းထွက်သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း (Petroleum and Mineral Resources Corporation, PMRC) အောက်တွင် ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေး ဌာနခွဲကို ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ဓာတ်သတ္တုနှင့်ဘူမိဗေဒလေ့လာရေးဌာနခွဲကို ဓာတ်သတ္တုဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်း(Mineral Development Corporation)အောက်တွင် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဓာတ်သတ္တုနှင့် ဘူမိဗေဒလေ့လာရေးနှင့် ရှာဖွေရေးဦးစီးဌာန (Directorate of Geological Survey and Mineral Exploration)ကို ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန (Department of Geological Survey and Mineral Exploration) အမည်ဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။လုပ်ငန်းတာဝန်များ၁။      ကောင်းကင်ဓာတ်ပုံနှင့် ဂြိုလ်တုပုံရိပ်များ အသုံးပြု၍ ပဏာမအဆင့် ဓာတ်ပုံဘူမိဗေဒမြေပုံ ရေးဆွဲခြင်းလုပ်ငန်း၊၂။       ဒေသန္တရဘူမိဗေဒမြေပုံရေးဆွဲရေးနှင့် ပဏာမအဆင့် ဓာတ်သတ္တုရှာဖွေရေး စမ်းသပ် တိုင်းတာရေးလုပ်ငန်း၊၃။      ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာရေးလုပ်ငန်း၊၄။      စက်မှုကုန်ကြမ်းတွင်းထွက်ရှာဖွေစမ်းသပ်တိုင်းတာရေးလုပ်ငန်း၊၅။      ဇလဘူမိဗေဒမြေအောက်ရေစမ်းသပ်တိုင်းတာခြင်းလုပ်ငန်း၊၆။      နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာရေးလုပ်ငန်း၊၇။      ဝန်ကြီးဌာနနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ပြည်တွင်းကုမ္ပဏီများ၏ အကြီးစား နှင့်အသေးစား ဓာတ်သတ္တုနှင့် စက်မှုကုန်ကြမ်းတွင်းထွက် ရှာဖွေတူးဖော် ထုတ်လုပ်မှု အစီရင်ခံစာများအား စစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ၊၈။      ပြည်ပတင်ပို့မည့် ဓာတ်သတ္တုနှင့်စက်မှုကုန်ကြမ်းတွင်းထွက်များအား ဈေးနှုန်း သတ်မှတ်ရေး အတွက် အမျိုးအစားနှင့် ပါဝင်နှုန်းများအား တိကျစွာ သတ်မှတ်ရောင်းချနိုင်ရန် သတ္တုတွင်း ဦးစီးဌာန၊ သက်ဆိုင်ရာ လုပ်ငန်း/ ဌာနများနှင့် ပူးပေါင်းကာ ကိုယ်စားပြု နမူနာရယူခြင်းနှင့် ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်း၊၉။      သေလဗေဒနှင့် ဓာတုဗေဒ ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်း၊၁၀။    ဘူမိရူပဗေဒ စမ်းသပ်တိုင်းတာခြင်းလုပ်ငန်း၊၁၁။    မြေတိုင်းလုပ်ငန်း၊၁၂။     လွန်တူးလုပ်ငန်း၊၁၃။    မြန်မာနိုင်ငံအတွင်း ဓာတ်သတ္တုဖြစ်ထွန်းမှုနှင့် တိုင်းနှင့်ပြည်နယ်အလိုက် ဓာတ်သတ္တု ဖြစ်ထွန်းမှုများကို နှစ်အလိုက် မှတ်တမ်းတင်ခြင်းလုပ်ငန်း၊၁၄။    GIS နည်းဖြင့် ဘူမိဗေဒမြေပုံများကို Digital မြေပုံရေးဆွဲရေးလုပ်ငန်း၊၁၅။    ASEAN Mineral Database ဆောင်ရွက်ရေးလုပ်ငန်း၊၁၆။    ဝန်ကြီးဌာနထံ တင်ပြသည့် ပုဂ္ဂလိကပြည်တွင်းကုမ္ပဏီများ၏ ဓာတ်သတ္တုရှာဖွေစမ်းသပ် တိုင်းတာခွင့် လျှောက်ထားလာမှုအား သဘောထားမှတ်ချက် ပြန်ကြားခြင်းလုပ်ငန်း။ဖုန်း         –    ၀၆၇-၄၀၉၆၉၆ဖက်စ်       –    ၀၆၇-၄၀၉၆၈၆

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမှတ် (၁) သတ္တုတွင်းလုပ်ငန်း

နောက်ခံသမိုင်း၁။      ၁၉၀၆ ခုနှစ် နောက်ပိုင်းမှစ၍ ၁၉၅၁ ခုနှစ်မတိုင်မီအချိန်ထိ နိုင်ငံခြားသားဗြိတိသျှပိုင် ဘားမားကော်ပိုရေးရှင်းသည် နမ္မတူ-ဘော်တွင်းသတ္တုတွင်း၌ ငွေ၊ ခဲ၊ သွပ် သတ္တုတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၁ ခုနှစ်တွင် မြန်မာအစိုးရက ဘားမားကော်ပိုရေးရှင်း တွင် ရင်းနှီးမြှုပ်နှံမှု ၅၀% အစုရှယ်ယာပါဝင်၍ ဘားမားကော်ပိုရေးရှင်း (၁၉၅၁) အမည်ဖြင့် ဖက်စပ်ကုမ္ပဏီကို တည်ထောင်ခဲ့ပါသည်။၂။       (၁၈-၁-၁၉၆၅) ရက်နေ့တွင် ဘားမားကော်ပိုရေးရှင်း (၁၉၅၁)  ကို ပြည်သူပိုင်ပြုလုပ်ပြီး “ပြည်သူ့ဘော်တွင်းလုပ်ငန်း” ဟူ၍ အမည်ပြောင်းလဲခဲ့ပါသည်။ (၂-၃-၁၉၇၀) ရက်နေ့တွင် ပြည်သူ့ဘော်တွင်းလုပ်ငန်းကို “ မြန်မာ့ဘော်တွင်းကော်ပိုရေးရှင်း” ဟူ၍လည်းကောင်း၊ (၁-၄-၁၉၇၆)ရက်နေ့မှစ၍ အမှတ်(၁)သတ္တုတူးဖော်ထုတ်လုပ်ရေးကော်ပိုရေးရှင်းဟူ၍လည်းကောင်း ပြောင်းလဲပြင်ဆင်ခဲ့ပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်မှစ၍ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းအဖြစ် ပြောင်းလဲပြင်ဆင်ခဲ့ပါသည်။၃။      အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၏ ဖွဲ့စည်းပုံကို အရာထမ်း(၁၇၀)ဦး၊ အမှုထမ်း(၃၂၃၀)ဦး၊စုစုပေါင်း(၃၄၀၀)ဦးဖြင့် (၁၈-၉-၂၀၀၈)ရက်နေ့တွင်ကျင်းပသောပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ်(၃၂/၂၀၀၈)မှ သဘောတူ ဆုံးဖြတ်ချက်အရဖွဲ့စည်းခဲ့ပါသည်။၄။      အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် အမှတ်(၃)သတ္တုတွင်းလုပ်ငန်းတို့ကို ပူးပေါင်း၍ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းကို အရာထမ်း(၁၄၂)ဦး၊ အမှုထမ်း(၆၃၆)ဦးနှင့် စုစုပေါင်း (၇၇၈)ဦးဖြင့် (၁၅-၁-၂၀၁၅)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)ဖြင့် သဘောတူဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့ပါသည်။အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၏ လုပ်ငန်းတာဝန်များ၁။      ဧက(၅၀)အောက် ဓာတ်သတ္တုနှင့်စက်မှုတွင်းထွက်ကုန်ကြမ်းများ စမ်းသပ်တိုင်းတာခြင်း နှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးဆောင်ရွက်ခွင့် လျှောက်ထားမှုများ စိစစ်ခြင်းနှင့် စာချုပ်ချုပ် ဆိုခြင်း။ ၂။       စမ်းသပ်တိုင်းတာခြင်းနှင့်ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးကို အောင်မြင်စွာ ဆောင်ရွက်ပြီး က မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထုတ်လုပ်မှုကူးပြောင်း ဆောင်ရွက်ခြင်း။၃။      ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနနှင့် ဧက(၅၀)အထက် ဓာတ် သတ္တုနှင့်စက်မှုတွင်းထွက်ကုန်ကြမ်းများ ရှာဖွေခြင်း/ စမ်းသပ်တိုင်းတာခြင်းနှင့် ဖြစ်မြောက် နိုင်စွမ်းလေ့လာရေးကို စာချုပ်ချုပ်ဆို၍ အောင်မြင်စွာ ဆောင်ရွက်ပြီးနောက် ထုတ်လုပ်မှု ကူးပြောင်းဆောင်ရွက်ရန်အတွက် လွှဲပြောင်းလက်ခံခြင်း၊ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စိစစ်ဆောင်ရွက်ခြင်း။၄။      စမ်းသပ်၊ ဖြစ်မြောက်၊ ထုတ်လုပ်မှုခွင့်ပြုထားသည့် ဓာတ်သတ္တုလုပ်ကွက်များ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ကွင်းဆင်း၍ ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များ၊ နှစ်ဖက်သဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရေး ကြပ်မတ်ခြင်း။၅။      ယမ်းတိုက်များ ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်း။၆။      နှစ်စဉ်စီမံကိန်းလျာထားချက်များနှင့် ရငွေလျာထားချက်များ လျာထားပြီး လျာထားချက် ပြည့်မီရေး ကြီးကြပ်ခြင်း။၇။      ဝန်ကြီးဌာနမှ အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။၈။      ဝန်ထမ်းရေးရာကိစ္စများကို စီမံဆောင်ရွက်ခြင်း။အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ တာဝန်ယူဆောင်ရွက်ရသည့် ဓာတ်သတ္တုများသတ္တုများ(၁)     ကက်ဒ်မီယမ် (Cadmium) Cd(၂)      ကိုဘော့ (Cobalt) Co(၃)     ကြေးနီ (Copper) Cu(၄)     ခနောက်စိမ်း (Antimony) Sb(၅)     ခရိုမီယမ် (Chromium)Cr(၆)     ခဲ (Lead) Pb(၇)     ငွေ (Silver) Ag(၈)     တယ်လူရီယမ် (Tellurium) Te(၉)     နီကယ် (Nickel) Ni(၁၀)   ပြဒါး (Mercury) Hg(၁၁)   သံ (Iron) Fe(၁၂)    သွပ် (Zinc) Znစက်မှုတွင်းထွက်ကုန်ကြမ်းများ(၁)     အလူမီနီယမ် (Aluminium) Al(၂)      မဂ္ဂနီဆီယမ် (Magnesium) Mn(၃)     ကံ့ကူဆံ (Talc)(၄)     ဇင့်ကာဗွန်နိတ် (Zinc Carbonate)(၅)     ကန့် (Sulphur)(၆)     ကွာဇိုက် (Quartzite)(၇)     ကျောက်ချဉ်(Alum)(၈)     ကျောက်ဂွမ်း (Asbestos)(၉)     ကျောက်မီးသွေး (Coal)(၁၀)   မာဘယ် (Marble)(၁၁)   ကြွေကျောက် (Feldspar)(၁၂)    ဂရက်ဖိုဒ် (Graphite)(၁၃)   ဂေါဒန်ကျောက် (Gypsum)(၁၄)   ဆေးဒန်း (Orpiment)(၁၅)   ဆိုဒါပြာ (Soda Ash)(၁၆)   ထုံးကျောက် (Limestone)(၁၇)   ဒိုလိုမိုက် (Dolomite)(၁၈)   ဒုတ္ထာ (Copper Sulphate)(၁၉)   ဖလိုရိုက် (Fluorite)(၂၀)    ဖော့စဖိတ် (Phosphate)(၂၁)    သဲကျောက် (Sandstone)(၂၂)    ဘရိုက်တီးကျောက် (Baryte)(၂၃)    ဘောက်ဆိုဒ် (Bauxite)(၂၄)    ပိုဇိုလန် (Porzzolan)(၂၅)    မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် (Manganese Dioxide)(၂၆)    မြေဖယောင်း (Bentonite)(၂၇)   မြေဖြူ၊ မြေနီ၊ မြေဝါ (Ochre)(၂၈)    မီးခံရွှံ့စေး၊ မီးခံမြေစေး၊ ရွှံ့စေးဖြူ (Clay)(၂၉)    ရေနံပါယှေလကျောက် (Oil Shale)(၃၀)   လချေးဖြူ၊ လချေးညို (Mica)(၃၁)   ဂဝံကျောက် (Laterite)(၃၂)    သလင်း (Quartz)(၃၃)   သံကြွယ်ဘောက်ဆိုဒ် (Ferruginous Bauxite)ကျောက်များ(၁)     အလှဆင်ကျောက်များ (Decorative Stone)(၂)      မာဘယ်ကျောက် (Decorative Stone)(၃)     ဂရက်နိုက်(Granite) 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမှတ် (၂) သတ္တုတွင်းလုပ်ငန်း

နောက်ခံသမိုင်း၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် သတ္တုတွင်းစီမံခန့်ခွဲမှုနှင့်အုပ်ချုပ်ရေးဌာန လက်အောက်တွင် အောက်ပါဌာနခွဲများဖြင့် ဖွဲ့စည်းခဲ့ပါသည် –(၁)     ဘူမိဗေဒဌာန၊(၂)      သတ္တုတွင်းနှင့်ပေါက်ကွဲစေတတ်သောဌာန၊(၃)     ဓာတ်သတ္တုပင်ရင်းအခြေအမြစ်များကို တိုးတက်စေရေးကော်ပိုရေးရှင်း(MRDC)။၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် အထက်ပါအဖွဲ့အစည်းကြီး(၃)ခုအား ဖျက်သိမ်း၍ ဒီဇင်ဘာလ၊ (၆)ရက်နေ့တွင် “ရေနံနှင့်ဓာတ်သတ္တုပစ္စည်းရှာဖွေထုတ်လုပ်ရေးကော်ပိုရေးရှင်း” (PMDC) အဖြစ် ပြောင်းလဲသတ်မှတ်၍ လက်အောက်ခံဌာနများအား အောက်ပါအတိုင်း ပါဝင်ဖွဲ့စည်းခဲ့ပါသည် –(၁)     ဓာတ်သတ္တုတူးဖော်ရေးစီမံကိန်းဌာန၊(၂)      ဓာတ်သတ္တုလုပ်ငန်းအုပ်ချုပ်ရေးဌာနခွဲ၊(၃)     ဘူမိဗေဒနှင့်ဓာတ်သတ္တုလေ့လာရေးဌာန။၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ဘီအိုစီ(၁၉၅၄)လီမိတက် ဖက်စပ်လုပ်ငန်းကို ပြည်သူပိုင်သိမ်းပြီး “ပြည်သူ့ရေနံလုပ်ငန်း” ကို ဖွဲ့စည်းသည့်အခါ ရေနံရှာဖွေထုတ်လုပ်ရေးကို ထိုအဖွဲ့ အစည်းမှ ဆောင်ရွက်ခဲ့သည့်အတွက် ၁၉၆၅ ခုနှစ်အက်ဥပဒေအရ “ဓာတ်သတ္တုပစ္စည်းရှာဖွေထုတ် လုပ်ရေးကော်ပိုရေးရှင်း” ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ရာ  ၁၉၇၂ ခု နှစ်၊ မတ်လ (၁၆)ရက်နေ့မှ အစပြု၍ အောက်ပါအတိုင်း ကော်ပိုရေးရှင်း(၃)ခု၊ ဦးစီးဌာန(၂)ခုဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည် –(၁)      မြန်မာ့ဓာတ်သတ္တုတိုးချဲ့လုပ်ကိုင်ရေးကော်ပိုရေးရှင်း၊(၂)     မြန်မာ့ခဲမဖြူအဖြိုက်နက်ကော်ပိုရေးရှင်း၊(၃)      စက်မှုတွင်းထွက်ကုန်ကြမ်းကော်ပိုရေးရှင်း၊(၄)     စက်မှုတွင်းထွက်ကုန်ကြမ်းကော်ပိုရေးရှင်း၊(၅)     စီမံကိန်းနှင့်လုပ်ငန်းစစ်ဆေးရေးဦးစီးဌာန၊ဓာတ်သတ္တုပစ္စည်းရှာဖွေထုတ်လုပ်ရေးကော်ပိုရေးရှင်းလက်အောက်ရှိ ခဲမဖြူနှင့် အဖြိုက်နက်သတ္တုတူးဖော်မှုလုပ်ငန်းကို သီးခြားဆောင်ရွက်ရန် (၁၅.၃.၁၉၇၂)ရက်နေ့တွင် မြန်မာ့ခဲမဖြူအဖြိုက်နက် ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ (၁.၄.၁၉၇၆) ရက်နေ့တွင် အမှတ်(၂)သတ္တုတူးဖော် ထုတ်လုပ်ရေးကော်ပိုရေးရှင်းအဖြစ်လည်းကောင်း (၁.၅.၁၉၈၉) ရက်နေ့တွင် “အမှတ်(၂)သတ္တုတွင်း လုပ်ငန်း” အဖြစ်လည်းကောင်း ပြောင်းလဲခေါ်ဆိုခဲ့ပြီး ခဲမဖြူသတ္တုသန့်စင်၊ အဖြိုက်နက်သတ္တုသန့်စင်၊ ခဲမဖြူအဖြိုက်နက်ရောရာနှင့် ရှီးလိုက်ရောရာသတ္တုသန့်စင်များ တူးဖော်ခြင်း၊ သန့်စင်ခြင်း၊ အဆင့် မြှင့်ခြင်း၊ သတ္တုစင်အဖြစ်ကျိုချက်ခြင်း ရောင်းချခြင်းတို့အပြင် အထူးသတ္တု(၂)ရွှေနှင့် အထူးကျောက်မျက် (စိန်)တို့ကိုပါ ပူးတွဲထုတ်လုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ယခုအခါ ခဲမဖြူသတ္တုသန့်စင်၊ အဖြိုက်နက်သတ္တုသန့်စင်၊ ခဲမဖြူအဖြိုက်နက်ရောရာ၊ ရှီးလိုက်ရောရာသတ္တုသန့်စင်နှင့် ရွှေစင်သတ္တု များအားပုဂ္ဂလိကနှင့် ပူးပေါင်း၍  ထုတ်လုပ်မှုအပေါ်   ခွဲဝေခံစားသည့်စနစ်ဖြင့်   လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။    အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊   ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ်    တာဝန်ထမ်း ဆောင်ခဲ့သူ(၁၄)ဦး ရှိပါသည်။လုပ်ငန်းတာဝန်များဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထုတ်လုပ်မှုစီမံကိန်း  ရည်မှန်းချက်များ  ပြည့်မီစေရန် ကြီးကြပ်အကောင်အထည်ဖော်ခြင်း၊ ဌာနလက်အောက်ရှိ သတ္တုတွင်းစီမံကိန်းများ၊  သန့်စင်စက်ရုံ နှင့်ဖက်စပ်လုပ်ငန်းများ၏ သတ္တုထုတ်လုပ်ရေး၊ ကျိုချက်သန့်စင်ရေးလုပ်ငန်းများ  အောင်မြင်စေရန် ကြီးကြပ်ခြင်း၊ ဖက်စပ်လုပ်ငန်းများ   အားလုံးကို သတ်မှတ်လုပ်ထုံးလုပ်နည်း  ညွှန်ကြားချက်များနှင့်အညီလိုက်နာဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ရရန်ရှိသတ္တုအချိုး ပြည့်မီစွာရရှိရေးစီမံခြင်း၊ ဝန်ထမ်းဆိုင်ရာဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း

နောက်ခံသမိုင်း        ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြည်ထောင်စုမြန်မာ နိုင်ငံတော် တော်လှန်ရေးအစိုးရကုန်သွယ်ရေးဌာန၏ ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃)အရ ကုန်သွယ်ရေးကော်ပိုရေးရှင်း အမှတ်-၁၉ (ကျောက်မျက်ရတနာ) အား ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ (၁.၄.၁၉၇၆) ရက်နေ့တွင် ကုန်သွယ်ရေး(၁၉)နှင့် မြန်မာ့ဓာတ်သတ္တု တိုးချဲ့လုပ်ကိုင်ရေးကော်ပိုရေးရှင်း၏ ကျောက်မျက်ရတနာစီမံကိန်းနှင့် ကျောက်စိမ်းတွင်း စီမံကိန်းတို့ ပူးပေါင်းပြီး သတ္တုတွင်းဝန်ကြီးဌာန လက်အောက်တွင် မြန်မာ့ကျောက်မျက်ရတနာ ကော်ပိုရေးရှင်းကို ဖွဲ့စည်းခဲ့ပါသည်။ (၁.၄.၁၉၈၉) ရက်နေ့မှစ၍ မြန်မာ့ကျောက်မျက် ရတနာရောင်း၀ယ်ရေးလုပ်ငန်းဟု ပြောင်းလဲခေါ်ဝေါ် သတ်မှတ်ခဲ့ ပါသည်။လုပ်ငန်းတာဝန်များ          မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိ အဓိကထမ်းဆောင် နေသော လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –(၁)     ရတနာနယ်မြေအလိုက် ကျောက်စိမ်း၊ ကျောက်မျက်တူးဖော်ထုတ်လုပ်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း၊(၂)      ရတနာနယ်မြေအတွင်းနှင့် ရတနာနယ်မြေပြင်ပတွင် ကျောက်စိမ်း၊ ကျောက်မျက်များ တူးဖော်ရန် အလတ်စားလုပ်ကွက်များ ချထားပေးနိုင်ရေး စိစစ်တင်ပြခြင်း၊(၃)     ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် ပြည်တွင်းနိုင်ငံသားလုပ်ငန်းရှင်များက ကျောက်စိမ်း၊ ကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်ခြင်း၊(၄)     မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ တူးဖော်ရရှိသည့် ကျောက်စိမ်း၊ ကျောက်မျက် များအပေါ် ရတနာခွန် (တွင်းဝခွန်)များ ရရှိရေးအတွက် ကြီးကြပ်ဆောင်ရွက်ခြင်း၊(၅)     ပုဂ္ဂလိက ကျောက်မျက်ရတနာဆိုင်များကို ကျောက်မျက်ရတနာများရောင်းချခြင်း လုပ်ငန်းအား လုပ်ကိုင်နိုင်ရန် လိုင်စင်များစိစစ်ချထားပေးခြင်း၊(၆)     အထူးရွှေဆိုင်များဖွင့်လှစ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အပ်နှံသော ရွှေဒင်္ဂါးပြားနှင့် ရွှေစင်ချောင်းများ ရောင်းချခြင်း၊(၇)     ကျောက်မျက်ရတနာပြတိုက်များဖွင့်လှစ်ပြီး စီမံကိန်းထိန်းသိမ်းကွပ်ကဲခြင်း၊(၈)     ပြတိုက်အဆောက်အအုံတွင် ရတနာဈေးဖွင့်လှစ်၍ ပုဂ္ဂလိကရတနာဆိုင်များအား ကြီးကြပ်ကွပ်ကဲခြင်း၊(၉)     ကျောက်မျက်ရတနာပြပွဲများကျင်းပပြီး ကျောက်စိမ်း၊ ကျောက်မျက်များကို ခင်းကျင်း ပြသရောင်းချခြင်း၊(၁၀)   ပြည်ထောင်စုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ရတနာပြပွဲများတွင် နိုင်ငံခြား ငွေဖြင့်ရောင်းချရသည့် ကျောက်စိမ်း၊ ကျောက်မျက်များကို နိုင်ငံခြားသို့တင်ပို့ခြင်း၊(၁၁)   ကျောက်မျက်ရတနာများ ပြည်ပသို့ တရားမဝင်သယ်ဆောင်မှု လျော့နည်းပပျောက် စေရန် (One Stop Service Centre) များ ဖွင့်လှစ်၍ တရားဝင်တင်ပို့နိုင်ရေး ဆောင်ရွက်ခြင်း၊ နောင်တွင် (Gems Trading Centre) များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိခြင်း။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း

နောက်ခံသမိုင်းမြန်မာနိုင်ငံတွင် မွေးပုလဲထုတ်လုပ်မှုလုပ်ငန်းကို ၁၉၅၄ ခုနှစ်၌ မြိတ်ကျွန်းစုတွင် စတင်ခဲ့ပြီး ဂျပန်နိုင်ငံ ကိုဘေးမြို့တွင် အခြေစိုက်သော South Sea Pearl Company နှင့် မြန်မာနိုင်ငံမှ         ကော့သောင်းရောင်းဝယ်ရေးဆင်ဒီကိတ်တို့ ဖက်စပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၆၃ ခုနှစ်၊ သြဂုတ်လ(၁၆)ရက်နေ့မှစ၍ ပြည်သူပိုင်သိမ်းယူခဲ့ပြီး ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်း အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်း ကော်ပိုရေးရှင်းဟူသော အမည်ဖြင့် လယ်ယာနှင့်သစ်တောဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ရောက်ရှိ ခဲ့ပါသည်။ ၁၉၈၃ ခုနှစ် တွင် ပြည်သူ့ပုလဲနှင့်ရေလုပ်ငန်းကော်ပိုရေးရှင်းအမည်ဖြင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ရောက်ရှိခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် သတ္တုတွင်းဝန်ကြီးဌာနကွပ်ကဲမှုအောက် သို့ပြောင်းရွှေ့ခဲ့ရပြီး ပုလဲမွေးမြူရေးနှင့် ထုတ်လုပ်ရေးဌာနခွဲအမည် ဖြင့်ဆားလုပ်ငန်းကော်ပိုရေးရှင်း နှင့်ပူးပေါင်းဖွဲ့စည်းခဲ့ပါသည်။ ဆားလုပ်ငန်းကော်ပိုရေးရှင်း၏ ဦးဆောင်ညွှန်ကြားရေးမှူးမှာ ဗိုလ်မှူးကြီးဝင်းမောင် ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာ့ပုလဲရတနာကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းပြီး သီးခြားရပ်တည်ခဲ့ရာ ဦးဆောင်ညွှန်ကြားရေးမှူးမှာ ဗိုလ်မှူးကြီးဝင်းမောင်မှပင် ဆောင်ရွက်ခဲ့ပြီး ဆားလုပ်ငန်းကော်ပိုရေးရှင်း၏ ဦးဆောင်ညွှန်ကြားရေးမှူးအသစ်တစ်ဦး ခန့်အပ်ခဲ့ ပါသည်။ (၁.၄.၈၉)ရက်နေ့တွင် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ပုလဲမွေးမြူရေးသာမက ရောင်းချရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ခဲ့ပါသည်။ (၇.၁၁.၁၉၉၈) ရက်နေ့တွင် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ် ဗိုလ်မှူးကြီးမောင်တိုးမှ စတင်တာဝန်ယူခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေ မှ (၂၇.၈.၂၀၁၀)ရက်နေ့မှ (၁၁.၈.၂၀၁၁)ရက်နေ့အထိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၏ ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် တွဲဖက်တာဝန်ယူခဲ့ပါသည်။ (၁၂.၈.၂၀၁၁)ရက်နေ့မှ(၂၆.၃.၂၀၁၆)ရက်နေ့ထိ ဦးစိန်လွင်မှ  ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ (၂၇.၃.၂၀၁၆)ရက်နေ့မှ (၁၀.၂.၂၀၂၁) ရက်နေ့အထိ ဦးမင်းမင်းဦးမှ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တွဲဖက်တာဝန် ထမ်းဆောင်ခဲ့ပြီး (၁၁.၂.၂၀၂၁) ရက်နေ့မှစတင်၍ ဦးဌေးအောင်မှ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ယနေ့အထိ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။လုပ်ငန်းတာဝန်များမြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း “ လုပ်ငန်းတာဝန်များ ” မှာအောက်ပါ အတိုင်းဖြစ်ပါသည် –(၁)     ပုလဲထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ရေးဆိုင်ရာ မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊(၂)      ပုလဲထုတ်လုပ်ခြင်းလုပ်ငန်းများကို မြန်မာ့ပုလဲလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ ကြီးကြပ်ကွပ်ကဲခြင်း၊(၃)     ပုလဲထုတ်လုပ်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်းသည့် လုပ်သားများလုပ်ငန်းခွင် ကျွမ်းကျင်မှု ရရှိရေးအတွက် ပြည်တွင်း၌ လေ့ကျင့်သင်ကြားပေးခြင်းနှင့် ပြည်ပ၌ အဆင့်မြင့် နည်းပညာများ လေ့လာဆည်းပူးစေခြင်း၊(၄)     ပုလဲအရေအတွက် တိုးတက်ထုတ်လုပ်ရေးနှင့် အရည်အသွေး မြင့်မားရေးတို့ကို နည်းလမ်းကြံဆပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊(၅)     မုတ်ကောင်ငုပ်ကွက် ရေပြင်များ ထိခိုက်ပျက်စီးခြင်း မရှိစေရန် နည်းလမ်းကြံဆ ဆောင်ရွက်ခြင်း၊(၆)     မုတ်ကောင်ငုပ်ကွက် သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်းနှင့် ပယ်ဖျက်ခြင်း ပြုလုပ်ရန် လိုအပ်သလိုစိစစ်ပြီး ဝန်ကြီးဌာနသို့တင်ပြခြင်း၊(၇)     မုတ်ကောင်များ မျိုးပြုန်းတီးခြင်းမရှိစေရန်နှင့် အလုံအလောက်ရရှိစေရန်နည်းလမ်း ကြံဆဆောင်ရွက်ခြင်း၊(၈)     ပုလဲထုတ်လုပ်ခြင်းနှင့် စပ်လျဉ်းသည့် သိပ္ပံနည်းကျ သုတေသန လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊(၉)     ပုလဲထုတ်လုပ်ခြင်းနှင့်ရောင်းဝယ်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များနှင့်ဆက်သွယ်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ခြင်း။