သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ရုံးအမှတ်-၁၉ ၏ ၅/၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ (၆-၈-၂၀၂၄)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်၁၉ ၏ ၅/၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာအောင်သူရိန်ဝင်းနှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၁၀ ဦး တက်ရောက်ကြပါသည်။

ထို့နောက်တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက ရုံးလုပ်ငန်းတာဝန်ဆောင်ရွက်နေ မှုများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ရင်ဆိုင်ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ ဝန်ထမ်းရေးရာကိစ္စရပ်မျာ၊ အိမ်ရာ အဆောက်အဦး နေထိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးမှု ဆိုင်ရာ အခြေအနေများ၊ အဆောက်အဦး လုံခြုံရေး၊ လူပုဂ္ဂိုလ် လုံခြုံရေး၊ စာရွက်စာတမ်း လုံခြုံရေး၊ သတင်းအချက်အလက် လုံခြုံရေးနှင့် မီးဘေး အန္တရာယ်လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များနှင့် e-Government ကဏ္ဍ ဆိုင်ရာ ကိစ္စရပ်များကို အသီးသီး တင်ပြဆွေးနွေးကြရာ ဌာနအကြီးအကဲများ ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အမြဲတမ်းအတွင်းဝန် နှင့် ဒုတိယ ဝန်ကြီး တို့ကဆွေးနွေးမှုများ အပေါ် လိုအပ်ချက်များအားပေါင်းစပ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင့် သိရှိရပါသည်။

Admin

Admin

Top