မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီ၊ သတင်းကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီ

သတင်းကြေညာချက်

၁၃၈၆ ခုနှစ် ၊ ဝါဆိုလပြည့်ကျော် (၆) ရက်

၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ (၂၆) ရက်

၁။  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ တောင်ပင်လယ်ပုလဲရောင်းချပွဲ ဗဟိုကော်မတီသည် ၂၀၂၄ ခုနှစ် ၊ (၁၄၂)ကြိမ်မြောက် မြန်မာ့ တောင်ပင်လယ်ပုလဲရောင်းချပွဲကို ဩဂုတ်လ (၁၂) ရက်မှ (၁၅) ရက်အထိ နေပြည်တော် ၊ မဏိ ရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပုလဲရောင်းချပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော မြန်မာ့တောင်ပင်လယ်ပုလဲအတွဲများကို တင်ပြရောင်းချသွားမည် ဖြစ်ပါသည်။

၂။   ပုလဲရောင်းချပွဲသို့ မြန်မာ့ပုလဲလုပ်ငန်းဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိခဲ့သည့် ပြည်တွင်း၊ ပြည်ပ ပုလဲမွေးမြူရေးကုမ္ပဏီလုပ်ငန်းရှင်များနှင့် ပြည်တွင်း၊ ပြည်ပ ပုလဲကုန်သည်များအား သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ပါသည်။

၃။    ၂၀၂၄ ခုနှစ် ၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲသို့ တက်ရောက် ဝယ်ယူခွင့်ကိစ္စများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချ ပွဲဗဟိုကော်မတီနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ ရုံးချုပ်(နေပြည်တော်) တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီ

Admin

Admin

Top