သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ရုံးအမှတ်-၁၉ ၏ ၇/၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၇/၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၀၉:၄၅ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍      အဖွင့်အမှာစကားပြောကြားပါသည်။

          အခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာအောင်သူရိန်ဝင်းနှင့် လက်ထောက်အတွင်းဝန် များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၀၂ ဦး တက်ရောက်ကြပါသည်။

          ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်နီလွင်ဦး က “လူကောင်းနှင့်လူတော်” ခေါင်းစဉ်ဖြင့် ဦးစွာ တင်ပြဆွေးနွေးပြီး အကြီးတန်းစာရေး  ဒေါ်တင်ဇာချစ် က “ကျင့်ဝတ်များကိုလိုက်နာ လူမှုဘဝကောင်းကျိုးဖြာ” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးတင်ပြပါသည်။ ထို့နောက်  အုပ်ချုပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ဌာနခွဲမှ ယာဉ်မောင်း(၃) ဦးတိုးမောင်မောင်လှိုင် က မော်တော်ယာဉ်ပြုပြင်စေခြင်းနှင့်ပတ်သက်၍ တင်ပြ ဆွေးနွေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကို က ရုံးအမှတ်-၁၉၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ မော်တော်ယာဉ်များ ပြုပြင်သုံးစွဲနေမှုအခြေအနေများကို အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြပါသည်။ ပြီးနောက် မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူကျော့ကျော့နိုင် က ဈေးဝယ်ယူရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် နေ့ရက်ပြောင်းလဲပို့ဆောင်ပေးပါရန် တင်ပြဆွေးနွေး ပါသည်။၎င်းနောက် ပြည်တွင်း / ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်စံ က “လူကောင်းနှင့် လူတော်” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြမှုနှင့်ပတ်သက်၍  ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ပြီး စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်အောင်မိုး က လူကောင်းဖြစ်ရေးနှင့် လူတော်ဖြစ်စေရေးအတွက် လူငယ်များအနေဖြင့် မည်သို့ကြိုးစားဆောင်ရွက်ရမည်ကို ထပ်မံဖြည့်စွက် ဆွေးနွေး တင်ပြပါသည်။

          ပြီးနောက် အုပ်ချုပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းနိုင် က ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင် က သန်းခေါင်စာရင်းဥပဒေပါ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အကျယ်တဝင့် ရှင်းလင်းတင်ပြ ဆွေးနွေး ပါသည်။ ၎င်းနောက် ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယဝန်ကြီး တို့က တင်ပြဆွေးနွေးမှုများ အပေါ် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရ ပါသည်။

 

Admin

Admin

Top