ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီ အစည်းအဝေးတက်ရောက် ၂-၈-၂၀၂၄

          မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

          ထို့နောက် (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲအား နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ၁၂-၈-၂၀၂၄ ရက်နေ့မှ ၁၅-၈-၂၀၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့်အခြေအနေ၊ မြန်မာ့တောင်ပင်လယ်ပုလဲရတနာများ ရောင်းချနိုင်ရေး စီစဉ်ထားရှိမှု အခြေအနေ၊ ရောင်းချမည့် ပုလဲအတွဲများ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ လုပ်ငန်း ကော်မတီများက ကဏ္ဍအလိုက် အသေးစိတ်ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။

အစည်းအဝေးသို့ မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ တက်ရောက်သည်။

Admin

Admin

Top