သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ရုံးအမှတ်-၁၉၏ ၃/၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်၁၉ /၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

          အခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာအောင်သူရိန်ဝင်းနှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၀၅ ဦး တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ၂၀၂၄ ခုနှစ် အတွင်း နိုင်ငံဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ဖွင့်လှစ်သင်ကြား ခဲ့သည့် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၀)တွင် တက်ရောက်ခဲ့ပြီး သင်တန်းသား ကာကွယ်ရေးပညာထူးချွန်ဆု ရရှိခဲ့သည့် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဖြိုးမောင် အား ဒုတိယဝန်ကြီး ဦးမင်းသူ က ဂုဏ်ပြုဆုငွေ ပေးအပ် ချီးမြှင့်ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက ရုံးလုပ်ငန်းတာဝန်ဆောင်ရွက်နေမှုများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ရင်ဆိုင်ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ အိမ်ရာ အဆောက်အဦ နေထိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးမှု ဆိုင်ရာ အခြေအနေများ၊ အဆာက်အဦ လုံခြုံရေး၊ လူပုဂ္ဂိုလ် လုံခြုံရေး၊ စာရွက်စာတမ်း လုံခြုံရေး၊ သတင်းအချက်အလက် လုံခြုံရေးနှင့် မီးဘေး အန္တရာယ်လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များနှင့် e-Government ကဏ္ဍ ဆိုင်ရာ ကိစ္စရပ်များကို အသီးသီး တင်ပြဆွေးနွေးကြရာ ဌာနအကြီးအကဲများ ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် ဒုတိယဝန်ကြီး တို့က ဆွေးနွေးမှုများ အပေါ် လိုအပ်ချက်များအား ပေါင်းစပ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင့် သိရှိရပါသည်။

Admin

Admin

Top