၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး အုပ်စု(အေ၊ဘီနှင့်စီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း (၃၉၆၆)တွဲ ရောင်းချနိုင်ခဲ့ နေပြည်တော် နိုဝင်ဘာ ၂၇

          ၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ယနေ့တွင် ပြပွဲ နဝမနေ့၌ ဖွင့်ဖောက်စစ်ဆေးထားသည့် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့် ရှိသော အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် ( ၄၀၆၀ ) မှ အတွဲအမှတ် ( ၄၈၀၀ ) အထိ ကျောက်စိမ်း အတွဲပေါင်း ( ၇၄၁ ) တွဲအနက် ကျောက်စိမ်းအတွဲပေါင်း ( ၇၁၄ ) တွဲကို ရောင်းချရကြောင်း ကြေညာသည်။

ယခုကျင်းပသည့် ၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲ အတွဲပေါင်း( ၂၈၀ ) အနက်မှ  ပုလဲအတွဲပေါင်း ( ၂၀၈ )တွဲကို လည်းကောင်း၊      ကျောက်မျက် အတွဲပေါင်း   ( ၁၆၀ ) အနက်မှ ကျောက်မျက်အတွဲပေါင်း( ၆၂ )တွဲ ကိုလည်းကောင်း၊ အုပ်စု(အေနှင့် ဘီ )တို့မှ ကျောက်စိမ်း အတွဲပေါင်း ( ၂၅၅၉ ) တွဲ အနက်မှ ကျောက်စိမ်းအတွဲပေါင်း ( ၁၈၂၃ ) တွဲကို လည်းကောင်း၊ အုပ်စု (စီ)မှ ကျောက်စိမ်းအတွဲပေါင်း ( ၂၂၄၁ ) တွဲ အနက်မှ ကျောက်စိမ်းအတွဲပေါင်း ( ၂၁၄၃ ) တွဲကို လည်းကောင်း ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနိုင် ခဲ့သည်။

၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိစေရန်၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ရှိ ကျောက်စိမ်းအချောထည်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော MSME လုပ်ငန်းများအတွက် ကုန်ကြမ်း ရရှိစေရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

Admin

Admin

Top