ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု အဖြစ် သတ်မှတ်သည့်အမိန့်ကို ၂၅-၁၀-၂၀၂၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၀၃၈/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပြီး အဆိုပါအမိန့်ကြော်ငြာစာအရ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ၃၀-၁၀-၂၀၂၄ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။
၂၅-၁၀-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၀၅၅/၂၀၂၄ နှင့်အညီ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားရယူမည့် လူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီများအနေဖြင့် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ပါ သတ်မှတ် လျှောက်လွှာပုံစံများအတိုင်း လုပ်ငန်းလိုင်စင်လျှောက်ထားမှုကို သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များ၏ ကနဦးစိစစ်ရေးအဖွဲ့ အတွင်းရေးမှူးရုံးများဖြစ်သော အောက်ဖော်ပြပါ ရုံးလိပ်စာများတွင် ၁၈-၁၁-၂၀၂၄ ရက်နေ့မှ စတင်၍ ရုံးချိန်အတွင်း လျှောက်ထားနိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်-
(၁) ပြည်ထောင်စုနယ်မြေ၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ပျဉ်းမနား/ရမည်းသင်းသတ္တုတွင်း စီမံကိန်းရုံး၊ ပျဉ်းမနားမြို့၊
(၂) ကချင်ပြည်နယ်၊ သတ္တုတွင်းဦးစီးဌာန၊ မြစ်ကြီးနားမြို့၊
(၃) ကယားပြည်နယ်၊ သတ္တုတွင်းဦးစီးဌာန၊ လွိုင်ကော်မြို့၊
(၄) ကရင်ပြည်နယ်၊ သတ္တုတွင်းဦးစီးဌာန၊ ဖားအံမြို့၊
(၅) ချင်းပြည်နယ်၊ သတ္တုတွင်းဦးစီးဌာန၊ ဟားခါးမြို့၊
(၆) စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာန၊ မုံရွာမြို့၊
(၇) တနင်္သာရီတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာန၊ ထားဝယ်မြို့၊
(၈) ပဲခူးတိုင်းဒေသကြီး၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ သတ္တုတွင်းစီမံကိန်းရုံး၊ ပဲခူးမြို့၊
(၉) မကွေးတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာန၊ မကွေးမြို့၊
(၁၀) မန္တလေးတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာန၊ မန္တလေးမြို့၊
(၁၁) မွန်ပြည်နယ်၊ သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းရုံး၊ မော်လမြိုင်မြို့၊
(၁၂) ရခိုင်ပြည်နယ်၊ သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းရုံး၊ စစ်တွေမြို့၊
(၁၃) ရန်ကုန်တိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာန၊ ရန်ကုန်မြို့၊
(၁၄) ရှမ်းပြည်နယ်၊ သတ္တုတွင်းဦးစီးဌာန၊ တောင်ကြီးမြို့၊
(၁၅) ဧရာဝတီတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းရုံး၊ ပုသိမ်မြို့၊
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန