အိတ်ဖွင့်တင်ဒါအမှတ် (၂/၂၀၂၄-၂၀၂၅)ဖြင့်တင်ဒါခေါ်ယူခြင်း

၁။        သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ ကက်သုတ် ကြေးနီ (၂၀၀)မက်ထရစ်တန်အား (1) Lot လျှင် (၅) မက်ထရစ်တန်စီဖြင့် (40) Lots ခွဲ၍ ပြည်တွင်းရှိ ကြေးနီကုန်ကြမ်းသုံး အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များ (MSME) သို့ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူရောင်းချမည် ဖြစ်ပါသည်။

၂။       ကက်သုတ်ကြေးနီ၏ ကြမ်းခင်းဈေးနှုန်းမှာ တင်ဒါဖွင့်လှစ်သည့်နေ့တွင် အင်တာနက်၌ ပေါ်ထွက် လာမည့် ယမန်နေ့ ကမ္ဘာ့သတ္တုပေါက်ဈေးနှုန်း (London Metal Exchange-LME)ပါ ကက်သုတ်ကြေးနီ တစ်မက်ထရစ်တန်ဈေးနှုန်းအပေါ်တွင် အခြေခံ၍ သတ်မှတ်မည်ဖြစ်ပါသည်။ အဆိုပြုဈေးနှုန်းအား (LME + Premium)ဖြင့်ဖော်ပြရာတွင် အမေရိကန်ဒေါ်လာဖြင့် ရေးသားဖော်ပြရမည်ဖြစ်ပြီး Premium ကြေးအများဆုံး ပေးသွင်းနိုင်သည့် အဆိုပြုတင်သွင်းသူများကို တင်ဒါအောင်မြင်သူအဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။

၃။        ကက်သုတ်ကြေးနီများကို ရန်ကုန်မြို့တွင် ထုတ်ယူရမည်ဖြစ်ပြီး Mine Site မှ ရန်ကုန်မြို့သို့ သယ်ယူခ၊ တင်ချခ စရိတ်များကို တင်ဒါအောင်မြင်သည့် ပြည်တွင်းရှိ ကြေးနီကုန်ကြမ်းသုံး အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များမှ ကျခံရမည်ဖြစ်ပါသည်။

၄။       တင်ဒါပိတ်မည့် နေ့ရက်နှင့် အချိန်မှာ (၂၃-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီဖြစ်ပြီး ယင်းနေ့ (၁၅း၀၀) နာရီတွင် အိတ်ဖွင့်တင်ဒါများ ဖွင့်ဖောက်မည်ဖြစ်ပါသည်။

၅။        အသေးစိတ်သိရှိလိုသောအချက်အလက်များရှိပါက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ၀၆၇-၃၄၀၉၃၇၈ နှင့် ၀၆၇-၃၄၀၉၃၇၂ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

သတ္တုတွင်းဦးစီးဌာန

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Admin

Admin

Top