သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ရုံးအမှတ်-၁၉ ၏ ၆/၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ (၃၀-၈-၂၀၂၄)

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၆/၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

          အခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာအောင်သူရိန်ဝင်းနှင့် လက်ထောက်အတွင်းဝန် များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၀၂ ဦး တက်ရောက်ကြပါသည်။

          ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အုပ်ချုပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲမှ အငယ်တန်းစာရေး ဒေါ်သဇင်နှင်းဖွေးအောင် က လူငယ်နှင့် “C” ငါးလုံး ခေါင်းစဉ်ဖြင့် ဦးစွာ တင်ပြဆွေးနွေးရာ ဒုတိယဦးစီးမှူး ဦးခင်မောင်ဇင် က ထောက်ခံဆွေးနွေးပါသည်။ ထို့နောက် ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စန်းဝင်း က လူငယ်နှင့် “C” ငါးလုံး အပြင် ကိုယ်ကျင့်သိက္ခာနှင့် စည်းကမ်းကောင်းမွန်မှုကိုပါ ကြိုးစားထိန်းသိမ်းရေးကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဌေး က ပြည်ထောင်စုဝန်ကြီးရုံး ဝန်ထမ်းများ အတွက် Computer Microsoft Excel သင်တန်း ထပ်မံဖွင့်လှစ်ပေးပါရန် တင်ပြဆွေးနွေးပါသည်။

          ပြီးနောက် မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စုမြတ်မြတ်ထွေး က စည်းကမ်းနှင့် ပတ်သက်၍ ကိုယ်ချင်းစာတရားထားရှိခြင်းသည် အခြေခံရမည့် အဓိက စိတ်ထားဖြစ်ပါကြောင်း  ဆွေးနွေးတင်ပြခဲ့ပါသည်။ ၎င်းနောက် ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလွင်က ဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကျန်းမာရေး ကိစ္စဆိုင်ရာ ဆေးပစ္စည်း အသုံးအဆောင်များ ဝယ်ယူထားရှိထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင် ရှိကြောင်းနှင့် အခြား အုပ်ချုပ်မှု ကိစ္စရပ်များအပေါ် ယခုလိုသီးခြားထောက်ပံ့ပေးနိုင်ပါရန် တင်ပြဆွေးနွေး ပါသည်။

          တက်ရောက်လာကြသည့် ဌာနခွဲမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယဝန်ကြီး တို့က တင်ပြ ဆွေးနွေးမှုများအပေါ် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Admin

Admin

Top