နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို တက်ရောက်ချီးမြှင့် နေပြည်တော် ဩဂုတ် ၁၂

(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်းပြည်ပမှ ပုလဲလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံအလိုက် တောင်ပင်လယ်ပုလဲထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များ၊ မြန်မာ့ပုလဲများထုတ်လုပ်မှု၊ ရောင်းချနိုင်မှုနှင့် ၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းကို ကြည့်ရှုကြသည်။

ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ခင်းကျင်းပြသ ထားသည့် ပုလဲအတွဲများနှင့် ပုဂ္ဂလိကကျောက်မျက်ရတနာ အချောထည်အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံ ကြည့်ရှုကြရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန် ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲအရောင်းချပွဲကို ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ တောင်ပင်လယ် ပုလဲအလုံးပေါင်း (၁၇၅၀၀၀)၊ အတွဲ (၇၀၀)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခင်းကျင်းပြသရောင်းချပေးသွားမည်  ဖြစ်သည်။

အဆိုပါ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲအရောင်းချပွဲ၌ ဩဂုတ် ၁၃ ရက်တွင် တင်ဒါအမှတ်(၁)ဖြစ်သည့် ပုလဲအတွဲအမှတ်(၀၀၁)မှ (၁၁၅)တွဲအထိ ပုလဲအတွဲ (၁၁၅) တွဲနှင့် တင်ဒါအမှတ်(၂)ဖြစ်သည့် ပုလဲအတွဲအမှတ်(၁၁၆)မှ (၂၃၀)တွဲအထိ ပုလဲအတွဲ(၁၁၅)တိုကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ဩဂုတ်(၁၄)ရက်တွင် တင်ဒါအမှတ်(၃)ဖြစ်သည့် ပုလဲအတွဲ အမှတ်(၂၃၁) မှ (၃၄၅)တွဲအထိ ပုလဲအတွဲ (၁၁၅) တွဲနှင့် တင်ဒါအမှတ် (၄)ဖြစ်သည့် ပုလဲအတွဲအမှတ် (၃၄၆) မှ (၄၆၀) အထိ ပုလဲအတွဲ (၁၁၅)တွဲတိုကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ဩဂုတ်(၁၅)ရက်တွင် တင်ဒါအမှတ်(၅)ဖြစ်သည့် ပုလဲအတွဲအမှတ် (၄၆၁)မှ (၅၈၀)အထိပုလဲအတွဲ (၁၂၀)တွဲနှင့် တင်ဒါ အမှတ် (၆)ဖြစ်သည့် ပုလဲအတွဲအမှတ်(၅၈၁)မှ (၇၀၀)အထိ ပုလဲအတွဲ( ၁၂၀) တိုကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Admin

Admin

Top