သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်တွင်  ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ဝန်ထမ်းများအတွက် ချထားပေးသော အိမ်ထောင်သည် တိုက်ခန်းများ၊ လူပျိုဆောင်၊ အပျိုဆောင် များတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ နေထိုင် နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထိုသို့ ကြည့်ရှု စစ်ဆေးခဲ့ရာတွင် ဒုတိယဝန်ကြီးက အိမ်ထောင်သည်တိုက်ခန်းများတွင် နေထိုင်သူ ဝန်ထမ်းများနှင့် မိသားစုဝင်များအားလုံးသည် သက်ဆိုင်ရာမှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း နေထိုင်ကြရန် ဖြစ်ကြောင်း၊ တိုက်ခန်းများတွင် အေးချမ်းသာယာမှု ရှိစေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုကို ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ သွေးထိုးခြင်း၊ ထင်ရာ မြင်ရာပြောဆိုခြင်းများ၊ အများနှင့် မသင့်လျော်စွာ နေထိုင်ခြင်းများ မရှိစေရန် ဖြစ်ကြောင်း၊ တိုက်ခန်းနှင့် တိုက်ခန်းဥပစာ၌ ဥပဒေနှင့် ဆန့်ကျင်သော မည်သည့်လုပ်ငန်းကိုမဆို လုပ်ကိုင်ခြင်း မပြုကြရန် ဖြစ်ကြောင်း၊ စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်ခြင်း နှင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေး ခြင်းများ မပြုလုပ်ရန် ဖြစ်ကြောင်း၊ နှစ်ရှည် အရိပ်ရပင်၊ သီးပင်၊ စားပင်၊ ပန်းအလှပင်တို့အား အိမ်ထောင်စုအလိုက် စိုက်ပျိုးကြရန် ဖြစ်ကြောင်း၊ မိမိနေထိုင်ခွင့် ရရှိသော တိုက်နှင့် ပတ်ဝန်းကျင်အား သတ်မှတ်ပေးထားသော ဧရိယာ နယ်နိမိတ်အတွင်း မြက်၊ ချုံနွယ်များ ရှင်းလင်းဆောင်ရွက် ထားရှိရန်နှင့် သန့်ရှင်း၊ သပ်ရပ်၊ သစ်လွင်တောက်ပမှုရှိစေရေး ဆောင်ရွက်ကြရန် ဖြစ်ကြောင်း မှာကြား ခဲ့ကြောင်း သိရှိရပါသည်။

Admin

Admin

Top