(၃၃)ကြိမ်မြောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ (၁၇-၇-၂၀၂၄)

   (၃၃)ကြိမ်မြောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန မိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာ ခန်းမ၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၀၇:၃၀ နာရီအချိန်မှစ၍ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍  ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

      အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ထမ်း အမျိုးသမီး ဓမ္မစကြာဝတ်ရွတ်အဖွဲ့က  ပဏာမ ဝတ်ရွတ်ပူဇော်ကြပါသည်။ ထို့နောက် အခမ်းအနား အား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊  ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ဦးစီးဌာန/ လုပ်ငန်း/ တက္ကသိုလ် တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခချုပ်နှင့် အရာထမ်း/အမှုထမ်း များက ပင့်ဖိတ်ထားသည့် တပ်ကုန်းမြို့၊ ဂိုဏ်းထောက် ပရိယတ္တိစာသင်တိုက်မှ ဆရာတော်၊ ပျဉ်းမနားမြို့ ပဏ္ဍိတာရာမ စာသင်တိုက် ဆရာတော်၊ ပျဉ်းမနားမြို့ အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော် အမှူးပြုသော သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပြည်ထောင်စုဝန်ကြီးက ဂိုဏ်းထောက်ပရိယတ္တိ စာသင်တိုက်မှ ဆရာတော်အား  ဝါဆို သင်္ကန်းနှင့် နဝကမ္မ အလှူတော်ငွေများ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ပဏ္ဍိတာရာမစာသင်တိုက် ဆရာတော်အား ဝါဆိုသင်္ကန်းနှင့် နဝကမ္မ အလှူတော်ငွေများ ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်အား ဝါဆိုသင်္ကန်းနှင့် နဝကမ္မ အလှူတော်ငွေများ ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်  ပါမောက္ခချုပ်တို့က ကျန်ရှိသော ဆရာတော် များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မ အလှူတော်ငွေများ ကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြပါသည်။

         ၎င်းနောက် တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ  အလှူတော်မင်္ဂလာနှင့် အနုမောဒနာတရားတော်များ နာယူပြီး ရေစက် သွန်းချ အမျှပေးဝေခြင်းများ ဆောင်ရွက်ကြပါသည်။

          ပြီးနောက် “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကာ ကြွရောက် တော်မူလာကြသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Admin

Admin

Top