၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ ရန်ကုန်မြို့ရှိ ကက်သုတ်ကြေးနီ (၂၀၀)မက်ထရစ်တန်အား (၁၀)မက်ထရစ်တန် (20)Lots ခွဲ၍ ပြည်တွင်းရှိ ကြေးနီကုန်ကြမ်းသုံး အသေးစား၊ အငယ်စား၊ အလတ်စား(MSME)စက်မှုလက်မှု လုပ်ငန်းရှင်များသို့ “မြန်မာကျပ်ငွေ”ဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူရောင်းချမည် ဖြစ်ပါသည်။
၂။ ကက်သုတ်ကြေးနီ၏ ကြမ်းခင်းဈေးနှုန်းမှာ တင်ဒါဖွင့်လှစ်သည့်နေ့တွင် အင်တာနက်၌ ပေါ်ထွက်လာမည့် ယမန်နေ့ ကမ္ဘာ့သတ္တု ပေါက်ဈေးနှုန်း (London Metal Exchange-LME)ပါ ကက်သုတ်ကြေးနီ တစ်မက်ထရစ်တန်ဈေးနှုန်းအပေါ်တွင် အခြေခံ၍ သတ်မှတ်မည်ဖြစ်ပါသည်။ အဆိုပြုဈေးနှုန်းအား (LME + Premium) ဖြင့် ဖော်ပြရာတွင် အမေရိကန်ဒေါ်လာဖြင့် ရေးသားဖော်ပြရမည်ဖြစ်ပြီး Premium ကြေး အများဆုံး ပေးသွင်းနိုင်သည့် အဆိုပြုတင်သွင်းသူကို တင်ဒါအောင်မြင်သူအဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။
၃။ သယ်ဆောင်စရိတ်များအတွက် ကျသင့်ငွေများကို ကြေးနီကုန်ကြမ်းသုံးစက်မှုလက်မှု လုပ်ငန်းရှင် များမှ မိမိတို့ အစီအစဉ်ဖြင့် ကျခံဆောင်ရွက်ရမည်ဖြစ်ပါသည်။
၄။ တင်ဒါပိတ်မည့် နေ့ရက်နှင့် အချိန်မှာ ( ၃၀-၇-၂၀၂၄ )ရက်နေ့၊ မွန်းလွဲ (၁၄:၀၀)နာရီဖြစ်ပြီး ယင်းနေ့ ညနေ (၁၅:၀၀ )နာရီအချိန်တွင် အိတ်ဖွင့်တင်ဒါများ ဖွင့်ဖောက်မည်ဖြစ်ပါသည်။
၅။ အသေးစိတ်သိရှိလိုသော အချက်အလက်များရှိပါက သတ္တုတွင်းဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၀၆၇- ၃၄၀၉၃၇၈ နှင့် ၀၆၇-၃၄၀၉၃၇၂ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါကော်မတီ
သတ္တုတွင်းဦးစီးဌာန
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန