၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ မုံရွာ၊ Mine Site ရှိ ကက်သုတ်ကြေးနီ (၂၀၀)မက်ထရစ်တန်အား (၁၀)မက်ထရစ်တန် (20)Lots ခွဲ၍ ပြည်တွင်းရှိ ကြေးနီကုန်ကြမ်းသုံး စက်မှုလက်မှုလုပ်ငန်းရှင်များသို့ “မြန်မာကျပ်ငွေ”ဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူရောင်းချမည် ဖြစ်ပါသည်။
၂။ ကက်သုတ်ကြေးနီ၏ ကြမ်းခင်းဈေးနှုန်းမှာ တင်ဒါဖွင့်သည့် နေ့တွင်ရှိမည့် ကမ္ဘာ့သတ္တု ပေါက်ဈေးနှုန်း (London Metal Exchange-LME)ပါ ကက်သုတ်ကြေးနီ တစ်မက်ထရစ်တန်ဈေးနှုန်း (Unknown Price)အပေါ်တွင် အခြေခံ၍ သတ်မှတ်မည်ဖြစ်ပါသည်။ အဆိုပြုဈေးနှုန်းအား (LME + Premium) ဖြင့် ဖော်ပြရာတွင် အမေရိကန်ဒေါ်လာဖြင့် ရေးသားဖော်ပြရမည်ဖြစ်ပြီး Premium ကြေး အများဆုံး ပေးသွင်းနိုင်သည့် အဆိုပြုတင်သွင်းသူကို တင်ဒါအောင်မြင်သူအဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။ တင်ဒါအောင်မြင်သည့် ကက်သုတ်ကြေးနီတန်ဖိုးငွေ ပေးချေရာတွင် အမေရိကန်ဒေါ်လာ ဈေးနှုန်းအပေါ် တင်ဒါဖွင့်ဖောက်သည့်နေ့ရက်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် Bank –Customer Dealing / Interbank Dealing တို့၏ ပျမ်းမျှငွေလဲလှယ်နှုန်းအနက် များရာဖြင့် တန်ဖိုးသင့် တွက်ချက်၍ “မြန်မာကျပ်ငွေ”ဖြင့် ပေးချေရမည်ဖြစ်ပါသည်။
၃။ သယ်ဆောင်စရိတ်များအတွက် ကျသင့်ငွေများကို ကြေးနီကုန်ကြမ်းသုံးစက်မှုလက်မှု လုပ်ငန်းရှင် များမှ မိမိတို့ အစီအစဉ်ဖြင့် ကျခံဆောင်ရွက်ရမည်ဖြစ်ပါသည်။
၄။ တင်ဒါပိတ်မည့် နေ့ရက်နှင့် အချိန်မှာ ၂၇ – ၁၂ -၂၀၂၃ ရက်နေ့၊ မွန်းလွဲ (၁၄:၀၀)နာရီဖြစ်ပြီး ယင်းနေ့ ညနေ (၁၅:၀၀) နာရီအချိန်တွင် အိတ်ဖွင့်တင်ဒါများ ဖွင့်ဖောက်မည်ဖြစ်ပါသည်။
၅။ အသေးစိတ်သိရှိလိုသော အချက်အလက်များရှိပါက ဓာတ်သတ္တုဖွံ့ဖြိုးရေးဌာနခွဲ၊ သတ္တုတွင်း ဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၀၆၇- ၃၄၀၉၃၇၈ နှင့် ၀၆၇- ၃၄၀၉၃၇၂ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။တင်ဒါကော်မတီ
တင်ဒါကော်မတီ
သတ္တုတွင်းဦးစီးဌာန
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန