သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနနှင့်အမှတ်(၁) သတ္တုတွင်းလုပ်ငန်းတို့တွင် ပြင်ပဝင်ပေါက်မှ ခေါ်ယူသည့် စစ်ဆေးရေးမှူး-၂ရာထူး(၁)နေရာ၊ စာရင်းကိုင်-၂ရာထူး(၈)နေရာ၊ ဘူမိဗေဒလက်ထောက်-၂ ရာထူး(၁)နေရာ၊ ကွန်ပျူတာလုပ်ဆောင် ရေးမှူးရာထူး(၁၂)နေရာ၊ ဒုတိယဦးစီးမှူးရာထူး(၁)နေရာ၊ သတ္တုတွင်းလက်ထောက်-၂ရာထူး (၁၃)နေရာ၊ သတ္တုဗေဒလက်ထောက်-၂ရာထူး(၁၀)နေရာ၊ စာရင်းကိုင်-၂ရာထူး(၅)နေရာ၊ ဘူမိဗေဒလက်ထောက်-၂ရာထူး(၂)နေရာ၊ စုစုပေါင်း(၅၃) နေရာအတွက် လူတွေ့ဖြေဆိုခွင့် ရရှိသူစာရင်း ထုတ်ပြန်ကြေညာခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၁၁.၂.၂၀၂၃ ရက်နေ့၌ ရေးဖြေစာမေးပွဲဖြေဆိုခဲ့သည့် လစာနှုန်းကျပ် (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) စစ်ဆေးရေးမှူး-၂ရာထူး(၁)နေရာ၊ စာရင်းကိုင်-၂ရာထူး(၈)နေရာ၊ ဘူမိဗေဒလက်ထောက်-၂ရာထူး (၁)နေရာ၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူး(၁၂)နေရာ ၊ ဒုတိယဦးစီးမှူးရာထူး(၁)နေရာ၊ သတ္တုတွင်းလက်ထောက်-၂ရာထူး(၁၃)နေရာ၊ သတ္တုဗေဒလက်ထောက်-၂ရာထူး(၁၀)နေရာ၊ စာရင်းကိုင်-၂ ရာထူး(၅)နေရာ၊ ဘူမိဗေဒလက်ထောက်-၂ ရာထူး(၂)နေရာ၊ စုစုပေါင်းရာထူး(၅၃) နေရာအတွက် ရေးဖြေစာမေးပွဲဖြေဆိုခဲ့သူများအနက် လူတွေ့ဖြေဆိုခွင့်ရရှိသူစာရင်းအား အောက်ပါ အတိုင်း ထုတ်ပြန်ကြေညာလိုက်သည်-
စဉ် | ကျား/မ | အမည် | ခုံအမှတ် | |||
၁ | မောင် | ရန်အောင်မိုး | DOM | 0 | 1 | 3 |
၂ | မောင် | ထူးအောင်ခန့် | DOM | 0 | 2 | 2 |
၃ | မ | နှင်းပွင့်ခိုင်ထွေး | DOM | 0 | 2 | 6 |
၄ | မ | စိမ်းလဲ့ဝေဖြိုး | DOM | 0 | 3 | 1 |
၅ | မောင် | ကျော်စောဟန် | ME-1 | 0 | 1 | 2 |
၂။ အထက်ပါ လူတွေ့ဖြေဆိုခွင့်ရရှိသူများအား (၃.၃.၂၀၂၃)ရက်(သောကြာနေ့)တွင် နေ့လည် (၁၃:၀၀)နာရီအချိန်မှစ၍ ရုံးအမှတ်(၁၉)၊ နေပြည်တော်၌ လူတွေ့စစ်ဆေးခြင်းပြုလုပ်မည် ဖြစ်ပါ သည်။
၃။ လူတွေ့စစ်ဆေးခံယူမည့်သူများအနက် နိုင်ငံ့ဝန်ထမ်းမဟုတ်သူ ပြင်ပပုဂ္ဂိုလ်များအနေဖြင့် ဘွဲ့လက်မှတ်မူရင်း၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မူရင်း၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အလုပ်သမားမှတ်ပုံတင်မူရင်းတို့အား ယူဆောင်လာရမည်ဖြစ်ပါသည်။
ရေးဖြေအောင်စာရင်းထုတ်ပြန်ရေးဆပ်ကော်မတီ