ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
သတ္တုတွင်းဦးစီးဌာန
ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီး ဌာနတွင် လစ်လပ်လျက်ရှိသောအောက်ဖော်ပြပါ (လစာနှုန်း၊၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) အမှုထမ်းရာထူး(၂၃)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း ဖြစ်ပါသည် –
စဉ် | ရာထူး | ရာထူးနေရာ | အနိမ့်ဆုံးပညာအရည်အချင်း |
(က) | စစ်ဆေးရေးမှူး – ၂ | (၁) နေရာ | B.E(Materials & Metallurgy/ Mining/ Metallurgy/ Mechanical/Electrical Power/ Civil) |
( ခ) | စာရင်းကိုင် – ၂ | (၈) နေရာ | B.Com,B.Act,B.Econ B.B.Sc(Applied Statistics) |
( ဂ) | ဘူမိဗေဒလက်ထောက် – ၂ | (၁) နေရာ | B.Sc(Geology) |
(ဃ) | ကွန်ပျူတာလုပ်ဆောင်ရေးမှူး | (၁၂) နေရာ | B.E(Mining/Metallurgy/ Mechanical/Electrical Power/ Civil) B.Sc(Geology),L.L.B, B.A(English),B.C.Sc |
( င ) | ဒုတိယဦးစီးမှူး | (၁) နေရာ | B.Sc(Geology) |
၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။ ( ခ ) ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် အသက်(၁၈)နှစ် ပြည့်ပြီးအသက်(၃၀)နှစ်မကျော်လွန်သူ ဖြစ်ရမည်။ဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ် မကျော်လွန်သူဖြစ်ပြီး လက်ရှိဌာန၏ ခွင့်ပြုချက်မူရင်းပါရှိရမည်။
( ခ ) ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီးအသက်(၃၀)နှစ်မကျော်လွန်သူ ဖြစ်ရမည်။ ဝန်ထမ်းဖြစ်ပါကအသက် (၃၅)နှစ် မကျော်လွန်သူဖြစ်ပြီး လက်ရှိဌာန၏ ခွင့်ပြုချက်မူရင်းပါရှိရမည်။
(ဂ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) ဌာနတွင် အနည်းဆုံး လုပ်သက်တစ်ဆက်တည်း(၃)နှစ် တာဝန် ထမ်းဆောင်ရန် ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်။
(င) ရွေးချယ်ခန့်ထားခြင်းခံရပါက နေရာဒေသမရွေး သွားရောက်တာဝန် ထမ်းဆောင်နိုင်ရမည်။
(စ) အခြားဝန်ထမ်းအဖွဲ့အစည်းများမှလျှောက်ထားသူများသည်သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထား ရမည်။
(ဆ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ်ပယ်(Removal)ခံရသူ လျှောက်ထားခွင့်မရှိပါ။
၃။ လျှောက်လွှာတွင်အောက်ဖော်ပြပါ အချက်များကို ပြည့်စုံစွာဖော်ပြရမည်-
(က) အမည်၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊
(ဂ) မွေးသက္ကရာဇ်၊အသက်၊
(ဃ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ၊
(င) ပညာအရည်အချင်း၊အောင်မြင်သည့်ခုနှစ်နှင့်အောင်မြင်ခဲ့သည့်ကျောင်း၊
တက္ကသိုလ်၊
(စ) လျှောက်ထားလိုသည့်ရာထူး၊
(ဆ) မိဘအမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့်၎င်းတို့၏အလုပ်အကိုင်
(ဇ) ဝန်ထမ်းဖြစ်လျှင်အလုပ်အကိုင်နှင့်ဌာန၊
(ဈ) ဝန်ထမ်းမဟုတ်လျှင် အလုပ်သမားမှတ်ပုံတင်အမှတ်၊
(ည) ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်နှင့် E-Mail
(ဋ) အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံတို့ကို ဖော်ပြရမည်။
၄။ လျှောက်လွှာပုံစံနှင့်အတူအောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ် ရေးထိုးရန်)၊
(ခ) တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း
(ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း၊
(င) သက်ဆိုင်ရာရဲစခန်းမှ(၁)လအတွင်းရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊
( စ ) အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ် ရေးထိုးရန်)၊
(ဆ) (၁)လအတွင်းရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ကာလာဓာတ်ပုံ(၃)ပုံ (ဓာတ်ပုံနောက်ကျောတွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်ရေးသားရန်)
(ဇ) အခြားကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံရှိပါက ခိုင်လုံသော အထောက်အထားမိတ္တူများ၊
(ဈ) သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ (၁)လအတွင်း ရယူထားသော ကျန်းမာကြောင်းဆေးထောက်ခံချက်မူရင်း၊
(ည) အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)၊
၅။ လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများအား သတ္တုတွင်းဦးစီးဌာန၊ www.mining.gov.mm တွင် ရယူနိုင်ပြီး လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန၊ရုံးအမှတ်(၁၉)၊နေပြည်တော်ဟုလိပ်မူ၍လူကိုယ်တိုင်(သို့မဟုတ်) အမြန်ချောပို့(သို့မဟုတ်) domnpt373@gmail.com သို့ ၆-၂-၂၀၂၃ ရက်နေ့ရုံးချိန် အရောက် နောက်ဆုံးထားပေးပို့ လျှောက်ထားရပါမည်။
၆။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာပုံစံ(၁)စုံအား သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် သတ္တုတွင်းဦးစီးဌာနသို့ ပေးပို့လျှောက်ထားရမည်။
၇။ ဖြေဆိုခွင့်ရရှိသူ အမည်စာရင်းနှင့် ခုံအမှတ်တို့ကို သတ္တုတွင်းဦးစီးဌာန၊ www.mining.gov.mm နှင့် ဌာနကြော်ငြာသင်ပုန်းတွင် ကြေညာပေးထားမည် ဖြစ်သည်။
၈။ လျှောက်ထားသူများသည် မြန်မာစာ၊အင်္ဂလိပ်စာနှင့်အထွေထွေဗဟုသုတဘာ သာရပ်မေးခွန်းတို့အား (၁၁.၂.၂၀၂၃)ရက်နေ့ နံနက်(၉:၀၀)နာရီမှ နေ့လည် (၁၄:၃၀)နာရီထိ ရေးဖြေစာမေးပွဲစစ်ဆေးမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူကိုသာ လူတွေ့နုတ်ဖြေစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ပါသည်။
၉။ ဖြေဆိုခွင့်ကတ်ပြားများကို(၁၀-၂-၂၀၂၃)ရက်နေ့၌ရုံးအမှတ်(၁၉)၊သတ္တုတွင်း ဦးစီးဌာန၊စီမံခန့်ခွဲရေးဌာနခွဲတွင် လူကိုယ်တိုင်လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။
၁၀။ သတ်မှတ်ရက်ထက် နောက်ကျမှရောက်လာသော လျှောက်လွှာများ၊ အရည်အချင်းသတ်မှတ်ချက်နှင့်မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်း အထောက်အထားမပြည့်စုံသော လျှောက်လွှာများ၊ မှားယွင်းဖြည့်သွင်းထားသော လျှောက်လွှာများအား ပယ်ဖျက်မည်ဖြစ်ပါသည်။
၁၁။ ရေးဖြေစာမေးပွဲဖြေဆိုရာတွင် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မူရင်း) ဘွဲ့လက်မှတ်(မူရင်း)များ ပါရှိရမည်ဖြစ်ပြီး ၊ မပါရှိပါက စာမေးပွဲဖြေဆိုခွင့်ရမည် မဟုတ်ပါ။
၁၂။ အသေးစိတ်သိလိုပါက တယ်လီဖုန်းအမှတ်၊၀၆၇-၄၀၉၃၇၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
သတ္တုတွင်းဦးစီးဌာန
လျှောက်လွှာ ဖောင် အား Download လုပ်ရန်