သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည်နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်ရှိ မြန်မာ့ကျောက်မျက်ရတနာသင်တန်းကျောင်းကိုရောက်ရှိ ကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦး၊ တာဝန်ရှိသူ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ လိုက်ပါလျက် နေပြည်တော် ပြည်ထောင်စု နယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်ရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တည်ဆောက်ဖွင့်လှစ်ထားသည့် မြန်မာ့ ကျောက်မျက်ရတနာသင်တန်းကျောင်းကို ရောက်ရှိ ကြည့်ရှု စစ်ဆေးရာ ကျောင်းအုပ်ကြီးနှင့် မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင် အသင်းတို့မှ တာဝန်ရှိသူ များက သင်တန်းကျောင်း ဖွင့်လှစ်နိုင်မှု အခြေအနေနှင့် COVID-19 ကာလ အတွင်း သင်တန်းကျောင်း ခေတ္တ ပိတ်ထားစဉ် ကာလ ဆောင်ရွက် ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျောက်စိမ်း၊ ကျောက်မျက် များကို အရိုင်းတုံး အတိုင်း တင်ပို့ရောင်းချရာမှ တန်ဖိုးမြှင့် အချောထည် အဖြစ် ထုတ်လုပ် တင်ပို့ ရောင်းချနိုင်ရေး ကြိုးပမ်း သွားစေ လိုကြောင်း၊ မြန်မာ့ ကျောက်မျက် ရတနာ သင်တန်း ကျောင်းသည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ရေး တို့တွင် အရေးပါ သည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် အမိန့်/ ညွှန်ကြားချက် များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့် ရရှိပါက အဆင်သင့် ဖြစ်စေရေး စီစဉ် ဆောင်ရွက် ထားရန် ဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့်မီ သင်ရိုး ညွှန်းတမ်းဖြင့် သင်ကြား ပို့ချပေးရန် ဖြစ်ကြောင်း၊ သင်တန်း ပို့ချမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေး အဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက် သွားရန် ဖြစ်ကြောင်း၊ အချောထည် ထုတ်လုပ်မှု အပိုင်းတွင်လည်း ပြည်ပ နိုင်ငံများက ကြိုက်နှစ်သက်သည့် လက်ရာ ဒီဇိုင်းမျိုး တီထွင် ဖန်တီး ထုတ်လုပ်ရန် လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ကျောက်စိမ်း ပန်းပု သင်တန်း ခန်းမ၊ ကွန်ပျူတာ ဒီဇိုင်း သင်တန်း ခန်းမ၊ မိုလောင်း သင်တန်း ခန်းမ၊ ဖယောင်း မိုထွင်း သင်တန်း ခန်းမ၊ ကျောက်စိမ်း CNC သင်တန်း ခန်းမ၊ ကျောက်မျက်သွေး သင်တန်း ခန်းမ၊ ကျောက်စိမ်း ပုတီးနှင့် လက်ကောက် သင်တန်း ခန်းမများသို့ လှည့်လည် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ကျင်းပ ပြုလုပ်သည့် နေပြည်တော် ကောင်စီ နယ်မြေ၊ ဇဗ္ဗူသီရိ မြို့နယ်၊ မဏိရတနာ ကျောက်စိမ်း ခန်းမ အားလည်း ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သတင်းရရှိ ပါသည်။

Admin

Admin

Top